မြန်မာနိုင်ငံမှာ ရှိတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အနေဖြင့် နယ်ပယ်အသီးသီးမှ ပညာရှင်များရဲ့ အကူအညီများ ရယူကာ မိမိ လုပ်ငန်းအား ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ရန် အသေးစား၊ အလတ်စား လုပ်ငန်းများနဲ့ ပညာရှင်များကို ချိတ်ဆက်ပေးရန် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။
ပြဿနာတွေကို တစ်ယောက်တည်း အဖြေရှာနေမယ့်အစား ပညာရှင်များရဲ့ အကြံဉာဏ်များကို အခမဲ့ ရယူလိုက်ပါ။
ဆိုတာ ဘာလဲ?
SME Unlock ကို ဘယ်လို သုံးရမလဲ ???
အဆင့် ၁
ပညာရှင်များအား ရှာဖွေပါ။
အဆင့် ၂
နေ့ရက်နှင့် အချိန်ရွေးပြီး ဘိုကင်တင်ပါ။
အဆင့် ၃
ပညာရှင်ဖြင့် ဆွေးနွေးပါ။
စည်းကမ်းများ နှင့် သိထားရန်အချက်များ
ဘိုကင်ပြုလုပ်ပြီးပါက SMEHub Asia ဘက်မှ Booking ကို မေးခွန်းများ ဖြည့်စွက်ထားမှုကို စီစစ်ပြီး Google Calendar Invitation ကို Google Meet လင့်ခ်နှင့်တကွ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ အချိန်အား Invitation ရမှသာ အတည်ဖြစ်ပါသည်။ ထို Calendar Invitation အား “Yes” ပြုလုပ်ထားရန် လိုအပ်ပါသည်။
Time Slot များအား တစ်ကြိမ်သာ Booking ပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ယခု Platform သည် လူအများမှ ဝိုင်းဝန်းသုံးစွဲကြမည်ဖြစ်ပြီး ပညာရှင်များ၏ အချိန်သည် အကန့်အသတ်ရှိသည့်အတွက် SME အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် Time Slot များအား အချိန်မရမည် စိုးရိမ်စိတ်ဖြင့် ကြိုမပြုလုပ်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆွေးနွေးလိုသော အကြောင်းအရာများကို ကြိုတင်ဖြည့်စွက်ထားပေးခြင်းဖြင့် Mentor များကို ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အကယ်၍ မိမိကြုံတွေ့နေရသော ဖြေရှင်းလိုသော ပြဿနာကို ပြည့်ပြည့်စုံစုံ မဖြည့်စွက်ထားပါက ဘိုကင်ပြုလုပ်မှုအား ပယ်ဖျက်သွားမည်ဖြစ်သည်။
သင်တို့နှင့် ဆက်သွယ်ရန်မှာ အီးမေးလ်တစ်မျိုးကိုသာ အသုံးပြုသွားမည်ဖြစ်ပါသောကြောင့် အီးမေးလ်လိပ်စာများကို မှန်ကန်စွာ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Booking Form တွင် မေးမြန်းထားသော မေးခွန်းများကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ရန် လိုအပ်ပါသည်။ ဆွေးနွေးလိုသော မေးခွန်းများကို ကြိုတင်ဖြည့်စွက်ပေးထားရန်လည်း အထူးလိုအပ်ပါသည်။
Mentor များ အားလုံးသည် Volunteer အဖြစ် ပါဝင်အားဖြည့်ပေးသည့်အတွက် အချိန်အား လေးစားမှုရှိပြီး ချိန်းထားသော အချိန်နှင့် နေ့ရက်တွက် လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဘိုကင်ပြုလုပ်ပြီး ချိန်းထားသော နေ့ရက်၊ အချိန်တွင် ရောက်ရှိလာခြင်း မရှိခြင်း ၂ ခါထက် ကျော်လွန်ပါက SME Unlock Platform အသုံးပြုခွင့်ကို ရာသတ်ပန် ပိတ်ပင်သွားမည်ဖြစ်ပြီး SME Circle မှလည်း ထုတ်ပယ်သွားမည်ဖြစ်ပါသည်။ စကားပြောဆိုရာတွင် ရိုင်းစိုင်းသော ပြောဆိုမှု၊ အခြားသော လက်မခံနိုင်သည့် ပြောဆိုမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ Mentor မှ ထိုသို့ ပြုမူပါကလည်း ကျွန်ုပ်တို့အား အကြောင်းကြားနိုင်ပါသည်။
ပညာရှင်များ
SME Unlock တွင် ပါဝင်အားဖြည့်ထားသော ပညာရှင်များသည် အခကြေးငွေ လုံးဝ မယူပဲ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရည်ရွယ်ပြီး ပါဝင်ကူညီအားဖြည့် ပေးထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များ၏ အချိန်အား လေးစားသောအားဖြင့် အချိန် ဘိုကင် ပြုလုပ်ပြီးပါက မပျက်မကွက် လာရောက်ဆွေးနွေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။