top of page

LEAP for Her ပရိုဂရမ်သည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စွမ်းဆောင်ရည်ဆိုင်ရာ စိန််ခေါ်မှုများကို ကျော်လွှားနိုင်ပြီး ယှဥ်ပြိုင်နိုင်စွမ်းတိုးတက်လားစေရန် လိုအပ်သော နည်းစနစ် အကူအညီများနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးသွားရန် ရည်ရွယ်ထားပါသည်။ LEAP ပရိုဂရမ်ဟာဆိုရင်ဖြင့် သင့် စီးပွားရေးလုပ်ငန်း ကြုံတွေ့နေရသော စိန်ခေါ်မှုများကို သင်နှင့် အတူ ပူးပေါင်းဆွေးနွေးတိုင်ပင်ကာ ပြဿနာများကို ရှာဖွေသွားမှာဖြစ်ပြီး ၎င်း သင် နေ့စဥ်ကြုံတွေ့နေရသည့် အခြေခံကျသည့် ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းပေးသွားမှာပဲ ဖြစ်ပါသည်။

ယခု ပရိုဂရမ်ကို အမျိုးသမီးစွန့်ဦးတီထွင်သူများနှင့် အမျိုးသမီးဦးဆောင်မှု အနည်းဆုံး ၅၀ ရာခိုင်နှုန်းပါဝင်သော စီးပွားရေးလုပ်ငန်းများ လျှောက်ထားရန် တိုက်တွန်းပါသည်။

ပြောင်းလဲခြင်း လုပ်ငန်းစဥ်သည် ရှည်လျား၍ ပင်ပန်းသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်မှာ ငြင်း၍ မရနိုင်ပါ။ သို့သော် ထိုကဲ့သို့ ပြောင်းလဲခြင်းအားဖြင့် သင့်လုပ်ငန်းအတွက် အဓိပ္ပာယ်ရှိသော ထိရောက်မှုများ ဖြစ်စေပါလိမ့်မည်။ ထိုသို့ ပြောင်းလဲသော အခါတွင်လည်း သင်၏ ဝန်ထမ်းများမှာလည်း အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ထို့ကြောင့် ယခု ပရိုဂရမ်တွင် သင့်လုပ်ငန်း ရွေးချယ်ခံရပါက သင်သာမက သင်၏ ဝန်ထမ်းများပါ ပရိုဂရမ်တွင် ပါဝင်သော သင်တန်းများ၊ ဆွေးနွေးတိုင်ပင်ချိန်များတွင် တက်ရောက်နိုင်မှာပဲ ဖြစ်ပါသည်။

Launching Enterprises to Accelerated Progress

သင် ဘယ် Track တွေ ရွေးလို့ရသလဲ?

သင် အခု ဖြေရှင်းချင်ဆုံး ပြဿနာကို ရွေးစေလိုပါတယ်။

E-Commerce ဖြင့် ထိုးဖောက်ခြင်း

သင့်လုပ်ငန်း၏ Customer များထံသို့ ရောက်ရှိခြင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများကို မြှင့်တင်ရန် သို့မဟုတ် ကိုယ်ပိုင် E-Commerce ဖြင့် Customer များထံ ရောက်ရှိအောင် ပြုလုပ်ဖို့ အတွက် မခက်တော့ပါဘူး။

သင့်လုပ်ငန်းအတွက် E-Commerce တစ်ခု တည်ဆောက်ဖို့ အတွက် ကျွန်ုပ်တို့ ကူညီပေးသွားမှာဖြစ်ပါတယ်။

ဒီဂျစ်တယ် မားကတ်တင်း

ယခုခေတ် စျေးကွက်ထိုးဖောက်ခြင်းမှာ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုအဖြစ် ဒီဂျစ်တယ် မားကတ်တင်း ဟာ နေရာတစ်ခုကို ခြေကုပ်ယူထားပြီပဲ ဖြစ်ပါတယ်။

အရောင်းကို အခြေခံထားတဲ့ ဒီဂျစ်တယ် မားကတ်တင်း အင်ဂျင်ကို ကျွန်ုပ်တို့ ဝိုင်းဝန်းကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။

လုပ်ငန်းငွေကြေးကို နားလည်ခြင်း

ငွေကြေးဆိုတာ လုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ သင့်လုပ်ငန်း ရှင်သန်ဖို့၊ ကြီးထွားဖို့၊ အားကောင်းဖို့ကို ဘယ်လို မဟာဗျူဟာကျကျ ချဥ်းကပ်မလဲဆိုတာ သင်သိဖို့လိုအပ်ပါတယ်။ ဒေတာကိုအခြေခံတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဒီဂျစ်တယ် အခြေခံအုတ်မြစ်ချဖို့ လိုအပ်ပါတယ်။

သင့်ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကို ဒီဂျစ်တယ်အသွင်ပြောင်းနိုင်ရန် ကျွန်ုပ်တို့ ဝိုင်းဝန်းပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

စီးပွားရေးပုံစံ အသစ်ပြောင်းလဲခြင်း

သင့် Customer တွေကို ဝန်ဆောင်မှုပေးဖို့အတွက် နည်းလမ်းအသစ်တွေ ရှာလိုပါသလား? သင့် စီးပွားရေးပုံစံကို ဆန်းသစ်တီထွင်မှုတွေပြုလုပ်လိုက်ပါ။

သင့်စီးပွားရေးလုပ်ငန်းကို ဆန်းသစ်တီထွင်ဖို့အတွက် မဟာဗျူဟာ ချမှတ်ခြင်းကို ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်း၏ လိုအပ်ချက်များကို သုံးသပ်ခြင်းလုပ်ငန်းစဥ်မှ စပြီး လိုအပ်ချက်များအတိုင်း သင့်လုပ်ငန်းနှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးသွားမှာဖြစ်ပါတယ်။ ထိုသို့ ပို့ချပြီးပါက သင့်လုပ်ငန်းအတွင်းတွင် လက်တွေ့ကျသော ပြောင်းလဲမှုများဖြစ်စေရန် အတွက် SMEHub Asia မှ ကျွမ်းကျင်သူများမှ သင့်လုပ်ငန်းအတွင်း ပြောင်းလဲရေးဖြစ်စဥ်ကို ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။

LEAP for Her ပရိုဂရမ်မှာ

သင် ဘာတွေလုပ်ရမှာလဲ?

လိုအပ်ချက်များ သုံးသပ်ခြင်း

ပထမအပတ်

သင်နှင့်အတူ သင့်လုပ်ငန်းတွင်းတွင် လိုအပ်နေသော ပြောင်းလဲမှုများကို ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပြီး အမှန်တကယ် အခြေခံကျသော လုပ်ငန်းတွင်း ပြဿနာများကို သင်နှင့်အတူ ဖော်ထုတ်သွားကြမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ သင်တန်းများ

ဒုတိယအပတ်

သင့်လုပ်ငန်း လိုအပ်ချက်အပေါ်မူတည်၍ အမှန်တကယ်လိုအပ်နေသော အခြေခံ သင်တန်းများကို သက်ဆိုင်ရာ ဘာသာရပ်အတိုင်း သီးသန့် သင်ကြားရေးပုံစံ ရေးဆွဲကာ သင် နှင့် သင့် စီမံခန့်ခွဲရေးဝန်ထမ်းများကို ပို့ချပေးသွားမှာပဲ ဖြစ်ပါတယ်။

တစ်ဦးချင်း တိုင်ပင်

ဆွေးနွေးခြင်း

တတိယအပတ်

သင့်လုပ်ငန်းအတွင်း အဓိပ္ပာယ်ရှိသော ပြောင်းလဲမှု ပြုလုပ်ရန်အတွက် အကူအညီဟာဆိုရင် လုပ်ငန်းစဥ် တောက်လျှောက် လိုအပ်နေမှာပဲ ဖြစ်ပါတယ်။ SMEHub Asia မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ကာ လက်တွေ့ကျသော ပြောင်းလဲမှုများကို သင့်လုပ်ငန်းအတွင်း ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Our Partners

ယခု ပရိုဂရမ် ဖြစ်မြောက်အောင်

Friedrich Naumann Foundation for Myanmar မှ 

ပံ့ပိုးကူညီပေးထားတာပဲ ဖြစ်ပါတယ်။

Take a LEAP now!

သင့် လုပ်ငန်းကို နောက်တစ်ဆင့် ခေါ်သွားဖို့ အခုပဲ လျှောက်လွှာတင်လိုက်ပါ။

ယခု ပရိုဂရမ်တွင် လျှောက်လွှာတင်သော လုပ်ငန်းများထဲမှ ၂၀ ကို သာ ရွေးချယ်သွားမှာဖြစ်ပါသည်။

သင် ပရိုဂရမ်ထဲမှာ ပါဝင်ခွင့် သေချာအောင် အခုပဲ လျှောက်လွှာတင်လိုက်ပါ။

bottom of page